NCS တွင် အဘယ်ကြောင့် Hierarchical စနစ် ကိုအသုံးမပြုသနည်း။
ဖြေ – အုပ်ချုပ်ရေး ယူနစ်များ ပြောင်းလဲဖွဲ့စည်းမှုများ ရှိခဲ့လျင် Hierarchical ကုဒ် စနစ်တွင် ယင်းအုပ်ချုပ်ရေးယူနစ် နှင့် ယင်းအောက်ဖက်ရှိယူနစ်များအားလုံး၏ကုဒ်များ လိုက်လံပြောင်းလဲ ရသည်။ ယင်းသို့ပြောင်းလဲလိုက် ပြီးနောက် ယခင်က ကုဒ်အဟောင်းကိုသုံးပြီး သိမ်းဆည်းထားသော ဒေတာများနှင့် ချိတ်ဆက် မရနိုင်တော့ပေ။
ယခု စနစ်တွင် ကုဒ်များသည် unique and independent code များဖြစ်ကြပြီး အထက်ရှိ အုပ်ချုပ်မှု ယူနစ်များ၏ကုဒ်များပါဝင်ခြင်းမရှိသဖြင့် အုပ်ချုပ်ရေး ယူနစ်များ ပြောင်းလဲပြင်ဆင်မှုများရှိသော်လည်း ကုဒ်များပြောင်းလဲမည်မဟုတ်သဖြင့် ဒေတာများချိတ်ဆက်မရခြင်း ပြသနာကိုဖြေရှင်းပြီးဖြစ်သည်။
Hierarchical ကုဒ်မဟုတ်သည့်အတွက် ဒေတာများကို မည်သို့ aggregate လုပ်နိုင်မည်နည်း။
ဖြေ – အုပ်ချုပ်မှုယူနစ်အမည်များနှင့် ကုဒ်များပါသော ပင်မဇယားတစ်ခု ထားရှိရပါမည်။ သင့်ဒေတာကို ယင်းဇယားရှိ မှန်ကန်သော အုပ်ချုပ်မှုယူနစ်အဆင့် ကုဒ်ကော်လံဖြင့် ချိတ်ဆက်(join)ပြီး အလိုရှိရာ အဆင့်များအတွက် aggregate လုပ်ယူနိုင်ပါသည်။