အကြောင်းအရာ

နောက်ခံအကြောင်းအရာ

အမျိုးသားအဆင့် နေရာဒေသဆိုင်ရာကုဒ်စနစ် (NCS) သည် နိုင်ငံတော်အစိုးရ ၏ အုပ်ချုပ်မှုယူနစ် များအားလုံးအတွက် တရားဝင်အသိအမှတ်ပြု ကုဒ်ပေးခြင်းဖြစ်ပါသည်။

နေပြည်တော်/တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ၊ မြို့နယ်၊ မြို့ တော်နှင့် မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့်ကျေးရွာ စသဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယူနစ် အဆင့် (၈) ခုပေါ်တွင် အခြေခံထားပါသည်။

အားလုံးသော အစိုးရ ဌာနဆိုင်ရာများ၊ ဝန်ကြီးဌာနများနှင့် အခြားပူးပေါင်းပါဝင်သူများသည် NCS အား အုပ်ချုပ်မှုယူနှစ် အားလုံးအတွက် စံသတ်မှတ်ထားသည့် ကုဒ် အနေဖြင့် အသုံးပြုသင့်ပါသည်။

အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ပင်မကျောရိုး တစ်ခုလည်း ဖြစ်ပါသည်။ ကွဲပြားသော အချက်အလက်ရင်းမြစ်များနှင့် အချက်အလက်ထောက်ပံ့ပေးသူများမှ အချက်အလက်များကို ပေါင်းစပ်ခြင်းနှင့် ဖလှယ်ခြင်းများကိုလည်း များစွာ အထောက်အကူ ဖြစ်စေပါသည်။

နည်းပညာဆိုင်ရာ အဖွဲ့ဝင်များဖြစ်သော အောက်ပါ ဌာနများ၏ သဘောတူညီမှုဖြင့် NCS အား အကောင်ထည်ဖော် ခဲ့ခြင်း ဖြစ်ပါသည်။

  • အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန။ (ဦးဆောင်သူ)
  • ပြည်သူ့အင်အားဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန။
  • ဗဟိုစာရင်းအင်းအဖွဲ့၊စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန။
  • ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန။
  • လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန။
  • မြေတိုင်းဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန။
  • သစ်တောဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန။
  • အခြေခံပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန။
  • ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန။

ယင်းစနစ်အကောင်ထည်ဖော်ဆောင်ရွက်ခြင်းအား မြန်မာသတင်းအချက်အလက် စီမံခန့် ခွဲမှုယူနစ် (Myanmar Information Management Unit, MIMU) နှင့် မြန်မာအမျိုးသားမြေပုံစနစ်စီမံကိန်း (OneMap Myanmar Project) တို့မှ နည်းပညာ ပိုင်းဆိုင်ရာ ပံ့ ပိုးမှုများ လုပ်ဆောင်ခဲ့ပါသည်။

NCS ကုဒ်ဖွဲ့စည်းပုံ

အမျိုးသားအဆင့် နေရာဒေသဆိုင်ရာကုဒ်စနစ် (NCS) တွင် အုပ်ချုပ်ရေးအဆင့် (၈) ဆင့် ပါဝင်သည်။
  • ပြည်ထောင်စုနယ်မြေ
  • ပြည်နယ်နှင့်တိုင်းဒေသကြီး
  • ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသ
  • ခရိုင်
  • မြို့နယ်
  • မြို့
  • ရပ်ကွက်
  • ကျေးရွာအုပ်စု
  • ကျေးရွာ

NCS ကုဒ်ပုံစံ

ကုဒ်ပုံစံ- GALLdddddd

GA = အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန “General Administration Department” ကိုရည်ညွှန်းသည့် အမှတ်အသားဖြစ်ပြီး အခြား အဖွဲ့အစည်းများ၏ ကုဒ်စနစ်များ မှခွဲခြားနိုင်စေရန်ထည့်သွင်းထားခြင်းဖြစ်သည်

LL = အုပ်ချုပ်မှုအဆင့်ကိုကိုယ်စားပြုသည့် ဂဏန်း ၁၀ မှ ၇၀ ထိ

dddddd = သီးသန့်ဂဏန်း ခြောက်လုံး

အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ

မည်သည့်အခြားအဖွဲ့အစည်းမှ ငွေကြေးအကျိုးအမြတ် ရယူရန်ရည် ရွယ်ချက်ဖြင့် NCS တစ်ခုလုံးကို သော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကို သော်လည်းကောင်း ပြန်လည်ထုတ်ဝေခြင်း၊ မိတ္တူကူးယူခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် ပြန်လည်ထုတ်ပြန်ခြင်း လုပ်ခွင့်မရှိ။ NCS အချက်အလက်အား အသုံးပြုထားသော မည့်သည့် ထုတ်ပြန်ချက်တွင်မဆို မူလရင်းမြစ်ကိုအသိအမှတ်ပြု ဖော်ပြရမည်ဖြစ်ပြီး ရင်းမြစ်ကိုးကားချက်ကို မှန်ကန်စွာ ထည့်သွင်းရပါမည်။ ဥပမာ – အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန/ ထွေအုပ်။

မသက်ဆိုင်ကြောင်းရှင်းလင်းချက်

NCS အချက်အလက်များကို ဖြန့်ဖြူးရာတွင် အာမခံချက်တစ်စုံတစ်ရာ ပါဝင်ခြင်း မရှိပါ။ NCS အား မှားယွင်းနားလည် အသုံးပြုခြင်းအတွက် အသုံးပြုသူမှာသာ တာဝန်ရှိပါသည်။ ရည်ရွယ်၍သော်လည်းကောင်း (သို့) မရည်ရွယ်၍သော်လည်းကောင်း ၎င်းအား အသုံးပြုခြင်းမှ ဖြစ်ပေါ်လာသော ဆုံးရှုံးမှု တစ်စုံတစ်ရာအတွက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်မရှိပါ။

ဆက်သွယ်ရန်

အထွေထွေဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန။

ဖုန်း၊ ၀၆၇-၃၄၀၈၅၄၉

အီးမေးလ်၊ ncs.gad@gmail.com